Pages

Pages

ဂွမြို့နယ်တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်း ဆောင်ရွက်





MNP ၊ စက်တင်ဘာ   ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့ ၊ နေ့လည်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် ငှားရမ်းပေးခြင်း ဆောင်ရွက်ရာတွင် စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန်နှင့် အချိန်မအားလပ်၍ စာအုပ်၊စာစောင်များ ငှားရမ်းနိုင်ခြင်း မရှိသည့် စာပေချစ်မြတ်နိုးသူများ စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရေး ရည်ရွယ်၍ အမက(၂)ကင်းရုံး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အမှတ်(၈၅)သစ်စက်များသို့ သုတ၊ ရသစာအုပ်များကို ငှားရမ်းပေးခဲ့ရာ ယခင် ငှားရမ်းပေးထားသောစာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး  သုတ၊ ရသစာအုပ်များကို ထပ်မံပြန်လည်ငှားရမ်းပေးခဲ့ကြောင်းနှင့် ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အပတ်စဉ် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများသို့ အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment