ကသာခရိုင်အဆင့်ဌာနဆိုင်ရာ အခွန်အခများ ကောက်ခံရရှိမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာခရိုင်အဆင့်ဌာနဆိုင်ရာ အခွန်အခများ ကောက်ခံရရှိမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း ဘဏ္ဍာရေးနှစ်များ၏ အခွန်အခကြွေးကျန်များ ကောက်ခံရရှိရေး၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအတွက် ကသာခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာ စကားပြောကြားရာတွင် လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ ဝန်ထမ်းများ၏လုံခြုံရေး၊ ဌာနပိုင်ပစ္စည်းများ လုံခြုံရေးတို့ကို အထူးသတိထားရန်၊ ကိုဗစ်-၁၉ရောဂါ ပြန်လည်ဖြစ်ပွားနေမှုအပေါ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြင့်ဆောင်ရွက်ရန်၊ အောက်စီဂျင်ထုတ်လုပ်သည့် စက်ရုံများအား ကြီးကြပ်ရန်၊ ဌာနဆိုင်ရာလုပ်ငန်းများအနေဖြင့် ယခင်ဘဏ္ဍာရေးနှစ်များအတွင်း ရရန်ရှိသည့် ကြွေးကျန်များအား အပြေအကျေကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်ရန်၊ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေး၊  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းဆွေးနွေးပြောကြား ခဲ့သည်။


ထို့နောက် အခွန်အခကြွေးကျန်များကောက်ခံရမည့် ဌာနများမှ ကောက်ခံရရှိမှုအခြေအနေများ နှင့် ဆက်လက်ကောက်ခံသွားမည့် အခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြသည်။ ဆက်လက်၍ ငွေလုံးငွေရင်းဖြင့် တည်ဆောက်ရေးလုပ်ငန်းများရှိသော ဌာနဆိုင်ရာများက ဌာနအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်သည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သားငါးကဏ္ဍဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများအလိုက် လျာထားချက်ပြည့်မှီရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဌာနအလိုက်ရှင်းလင်းတင်ပြမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)