မိုးကုတ်မြို့နယ်တွင် ဌာနဆိုင်ရာအကြီးကဲများမှ ကျေးရွာနေပြည်သူလူထုနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်တွင် ဌာနဆိုင်ရာအကြီးကဲများမှ ကျေးရွာနေပြည်သူလူထုနှင့်တွေ့ဆုံ



MNP - စက်တင်ဘာ  ၉


မိုးကုတ်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးကဲများသည် ဒေသခံပြည်သူများ၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။


အဆိုပါအဖွဲ့သည် ယနေ့နံနက် (၉) နာရီအချိန်က ရွာသာယာကျေးရွာအုပ်စု၊ ပြောင်ဂေါင်းလေးကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဟောပြောဆွေးနွေးခြင်း၊ ဒေသခံပြည်သူများတင်ပြလာသည့် အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး တွေ့ဆုံပွဲကို (၁၁) နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။


ထို့နောက်  ပြည်သူများတင်ပြလာသည့် လိုအပ်ချက်များဖြစ်သော ဒေသခံပြည်သူ (၃၀) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ လျှပ်စစ်မီတာခများပေးဆောင်စေရေး ဆွေးနွေးခြင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရန် အသိပညာပေးဟောပြောခြင်း၊ ပန်းခင်စီမံချက်ဖြင့် မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းတက်နိုင်ရေး အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ စိုက်ပျိုးရေးအသိပညာပေးခြင်းနှင့် နေကြာမျိုးသန့်များ၊ ကော်ဖီပင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ဇေယျာမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)