တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်



MNP - စက်တင်ဘာ  ၂၂


တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးခရိုင် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းမှ အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါနှင့် အိုမီခရွန်ထပ်ဆင့်မျိုးခွဲ BA.4 ၊  BA.5 ရောဂါသည် ပြည်တွင်း ကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီး ရောဂါကူးစက်မှုလူဦးရေများလာ၍  လူမှုကူညီရေးအသင်း အဖွဲ့များမှ လိုအပ်သည့်နေရာများတွင် အားဖြည့်ပါဝင်ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ Quarantine Centre များ စနစ်တကျပြင်ဆင်ထားရှိရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် အဓိကကျသည့် လုပ်ငန်းဖြစ်သော လူစုလူဝေးများ မရှိစေရေး၊ ပြည်သူများ ရောဂါကာကွယ်ထိန်းချုပ်ရေးတို့အတွက် စနစ်တကျ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။


ထို့နောက် တံတားဦးမြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက မြို့ပေါ်ရှိအသင်းအဖွဲ့များထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာသက်ထွန်းအောင်က လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သတ်သည်များကိုလည်းကောင်း၊ အသီးသီး ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူများက မြို့ပေါ်ရှိလူမှုကူညီရေးအသင်းများဖြစ်သည့် စေတနာရှင်လူမှုကူညီရေးအသင်း ၊ အနှိုင်းမဲ့လူမှုကူညီရေးအသင်း ၊ ပုညကမ္မလူမှုကူညီရေးအသင်း ၊ စေတနာမေတ္တာ လူမှုကူညီရေးအသင်းနှင့် တံတားဦးမြို့နယ်လုံးရာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီတို့နှင့်အတူ  တစ်သင်းလျှင် PPE ဝတ်စုံ(၄၀) ၊  Mask (၄)ထုပ် ၊ ရော်ဘာလက်အိတ်(၄၀) ၊ Face shield (၂၀) ၊ OT Cap ခေါင်းစွပ်(၄၀) ၊ အရက်ပြန်(၂၀)ဘူးတို့အား အသီသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)