မိုးညှင်းမြို့၌ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းမြို့၌ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

 



MNP - စက်တင်ဘာ   ၁၉


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာစီမံကိန်း ကော်မတီဝင်များအား စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်း နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို မိုးညှင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် မိုးညှင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကား ပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒု−ပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်းတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြပြီး ခရိုင်ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပါတ်သက်၍ ရှင်းလင်း ပြောကြားသည်။


၎င်းသင်တန်းတွင် မိုးညှင်းမြို့နယ်အတွင်းရှိ ဘိုကုန်းကျေးရွာ၊ လယ်မှီးကျေးရွာ၊ ကွင်းကြီးကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် မရင်းကုန်းကျေးရွာ စသည့်ကျေးရွာ ၁၃ ရွာမှ ကျေးရွာစီမံကိန်း ကော်မတီဝင် ၁၀၀ ဦးတို့တက်ရောက်ကြပြီး မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးသွယ်နှင့် ဝန်ထမ်းများက စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းများကို သင်ကြားပို့ချ ပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)