ငပလီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးငွေပေးအပ်






MNP ၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ေရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၂-၂၀၂၃ခုနှစ်၊ပထမ(၃ )လပတ်(ဧပြီ၊မေ၊ဇွန်)လအထိကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်နှစ်နှစ်အောက်ကလေးငယ်များအားထောက်ပံ့ငွေပေးအပ်ခြင်းကိုယနေ့နံနက်၁၁နာရီအချိန်တွင်ဇီးဖြူကုန်းအုပ်ချုပ်ရေးမှူးရုံး၌ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါထောက်ပံ့ငွေကိုလူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယဦးစီးမှူး၊ဒေါ်စောမြတ်သန္တာနှင့်တာဝန်ရှိသူများကကိုယ်ဝန်ဆောင်မိခင်နှင့်နှစ်နှစ်အောက်ကလေးငယ် (၁၀၉)ဦးအတွက်ငွေကျပ်(၄၅၆၀၀၀၀ိ/-) ကို ရပ်ကွက်၊ကျေး ရွာ အုပ်ချုပ်ရေးမှူးများထံသို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုထောက်ပံ့ငွေများအားရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်ကိုယ်ဝန် ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များသို့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)