မလှိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် လဲတော ကျေးရွာအုပ်စု ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် လဲတော ကျေးရွာအုပ်စု ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ

 



MNP - စက်တင်ဘာ  ၂၄


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လဲတောကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ရေလည်ကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်က စစ်ကြောင်း(၅)ကြောင်းနှင့် ပတ်သက်၍ လာရောက်ရသည့် ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်(၃) ဦးသိန်းဟန်က ပန်းခင်းစီမံချက်(၂) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရာတွင် လွယ်ကူ လျင်မြန်စေရေး စံသတ်မှတ်ချက် (SOP)ပါ အချက်အလက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။


ထို့နောက် တွေ့ဆုံပွဲသို့  တက်ရောက်လာသော ဒေသခံပြည်သူ (၆)ဦးတို့က ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့် ကျန်းမာရေးကဏ္ဍ (၁)ခု၊ လမ်းရရှိရေးကဏ္ဍ (၁)ခု၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)နှင့် မြေစာရင်းပုံစံ (၁၀၅/၁၀၆) ရရှိရေး ကဏ္ဍ(၃)ခု၊ လျှပ်စစ်မီး ရရှိရေးကဏ္ဍ(၁)ခု စုစုပေါင်းလိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၆)ခုအား ဆောင်ရွက်ပေးစေ လိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ကွမ်းခြံကျေးရွာ၊ ရေလည်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။ တစ်ဆက်တည်း အခမ်းအနား တက်ရောက်လာသူ ပြည်သူလူထု (၂၅၀)ဦးအနက် (၁၄၀)ဦးအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster)ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)