ကော်မရှင်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများသည် မိမိတို့ကိုယ်တိုင် အဂတိကင်းစင်ရန် အထူးလိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော်မရှင်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများသည် မိမိတို့ကိုယ်တိုင် အဂတိကင်းစင်ရန် အထူးလိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေပြောကြား


MNP ၊ စက်တင်ဘာ  ၂၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးသင်တန်း (၁/၂၀၂၂) တွင် အမှုတည်ဆောက်ခြင်း၊  သက်သေများနှင့်  တရားခံများစစ်ဆေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ  ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့်  အခွင့်အာဏာများ၊  First Information Report (FIR)  ရေး ဖွင့်ခြင်းနှင့် မှုခင်းမှတ်တမ်းများ ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုဆိုင်ရာ  စည်းမျဉ်းစည်းကမ်းများ၊  သက်သေခံပစ္စည်းများ၊ အထောက်အထားများရှာဖွေခြင်း နှင့် သိမ်းဆည်းခြင်း၊ ငွေကြေးခဝါချမှုများနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားရုံးတွင် စစ်မေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင်  ထားရှိရမည့် သမာဓိတရား၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာများနှင့် စုံစမ်းစစ်ဆေးရေးဝန်ထမ်းများ သိသင့်သိထိုက်သော  အကြောင်းအရာများကို  ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက စုံစမ်းစစ်ဆေးရေးလုပ်ငန်း များသည် ကော်မရှင်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သင်တန်းသား ဝန်ထမ်းများအနေဖြင့် စုံစမ်းစစ်ဆေးမှုကိစ္စများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်၊ တရားစွဲဆို တင်ပို့နိုင်ရေးဆောင်ရွက်ရာတွင် တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ စုံစမ်းစစ်ဆေး ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှောင်ကြဉ်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို  နားလည်သဘောပေါက်ပြီး  လိုက်နာကျင့်သုံးဆောင်ရွက်တတ်စေရန်၊  တရားစွဲဆို ဆောင်ရွက်သည့်လုပ်ငန်းများတွင်လည်း ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်နှင့်  ပိုမိုမြင့်မားသည့်  စွမ်းဆောင်ရည်များ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း။

အမှုများစစ်ဆေးရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ဖြေရှင်းကျော်လွှား ရမည့်နည်းလမ်းများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အတိုင်းအတာတစ်ခုအထိ သိရှိနားလည်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ သမာဓိတရားနှင့် စွမ်းဆောင်ရည်မြင့်မားမှုသည်  အထူးအရေးကြီးကြောင်း။

ကော်မရှင်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများသည် မိမိတို့ကိုယ်တိုင် အဂတိကင်းစင်ရန် အထူးလိုအပ်ပြီး ကော်မရှင်၏ ကျင့်ဝတ်ကို  အမြဲလိုက်နာရန်လည်း လိုအပ်ကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းသည် နိုင်ငံဆင်းရဲနွမ်းပါးမှု လျော့ကျစေရေးအတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းဖြစ်သည့်အတွက် စုံစမ်းစစ်ဆေးရေး ဝန်ထမ်းများအနေဖြင့်  လုပ်ငန်း တာဝန်များကို  ထမ်းဆောင်သည့်နေရာတွင် တရားမျှတမှုရှိခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ လာဘ်ပေး လာဘ်ယူမှုကင်းခြင်း စသည့် စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာပြီး  ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များခွဲခြားမှုမရှိဘဲ ဘက်လိုက်ခြင်း ကင်းစွာဖြင့် ဆက်စပ်တည်ဆဲဥပဒေများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်သင့်သည့်အရာများကို လုပ်ဆောင်ရန်လိုကြောင်း ပြောကြားသည်။

စုံစမ်း စစ်ဆေးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ရက်သတ္တပတ်  လေးပတ်ကြာ  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)