မင်းလှ၌အသက်(၈၅)နှစ်အထက် ဘိုးဘွား(၈၇၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှ၌အသက်(၈၅)နှစ်အထက် ဘိုးဘွား(၈၇၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

 



MNP - စက်တင်ဘာ   ၁၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့နေ့လယ် ၂  နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ  အသက် (၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်အကျိုးခံစားခွင့်(၃) လစာထောက်ပံ့ငွေပေးအပ်ခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


လူမှုရေးပင်စင်ပေးအပ်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်း(၆၆)အုပ်စုအတွင်းရှိ အသက် (၈၅)နှစ်အထက်အဘိုး အဘွား(၈၇၃)ဦးအတွက် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် ၂၁,၆၉၀,၀၀၀/- ကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။


အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ငွေများကိုရပ်ကွက်/ ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ သက်ကြီးဘိုးဘွားများထံထောက်ပံ့ငွေများကို အိမ်တိုက်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)