ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ကျင်းပ

 


MNP - စက်တင်ဘာ  ၂၇


အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို ယနေ့နံနက် ၇ နာရီက ပဲခူးမြို့ ဟံသာဝတီယူနိုတ်တက်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။


အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်တွင် အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က(၅)ကျောင်းတို့ယှဉ်ပြိုင်ကစားကြရာ အ.ထ.က(၅)ကျောင်းမှ ၅ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် အ.ထ.က(ဘောနတ်ကြီး)ကျောင်းနှင့် အ.ထ.က(စာလေးကွင်း)ကျောင်းတို့ ယှည်ပြိုင်ကစားကြရာ အ.ထ.က(ဘောနတ်ကြီး)ကျောင်းမှ ၅ ဂိုး ၁  ဂိုး ၁ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ကြသည်။


အဆိုပါပဲခူးမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း(၈)သင်းဖြင့် (၄)သင်း(၂)အုပ်စုခွဲကာ စက်တင်ဘာလ(၂၀)ရက်နေ့မှစ၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး စက်တင်ဘာလ ၂၉ ရက်နေ့တွင် တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲအား ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)