မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား အမှိုက်ကင်းစင်ရေကျောင်း(စံပြ) အဖြစ်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပညာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား အမှိုက်ကင်းစင်ရေကျောင်း(စံပြ) အဖြစ်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပညာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်






MNP ၊ စက်တင်ဘာ ၂၆   

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံချောင်းကျေးရွာရှိအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား အမှိုက်ကင်းစင်ကျောင်း ဖြစ်ရန်ရည်ရွယ်၍ စက်တင်ဘာ (၂၅)ရက်နေ့ နံနက်ပိုင်းတွင်ကျေးရွာအုပ်ရေးအဖွဲ့များနှင့်ပညာရေးဝန်ထမ်းများ ဆွေးနွေးကာပူးပေါင်းကာပြုလုပ်ဆောင်ရွက်ကြောင်းသိရသည်။


ထိုသို့ ပြုလုပ်ဆောက်ရွက်ရခြင်းနှင့်ပတ်သတ်၍  မိမိတို့ သွားလာ နေထိုင် လျက်ရှိကြသောပတ်ဝန်းကျင်နေရာများတွင် အမှိုက်များကိုစည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်ကျင်ညစ်ညမ်းပြီး၊ကျောင်းသား ကျောင်းသူကလေးသူငယ်များအား ရောဂါပျိုးမြားအလှယျတကူ ကူးဆက်မူ မဖြစ်ပွားစေရန်နှင့် သန့်ရှင်းသာယာလှပသောကျောင်းဝန်းကျင်ဖြစ်စေရန် ၊ စနစ်တကျ အမှိုက်စွန့်ပစ်တက်သော အလေ့အကျင့်ရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါတယ် ဟု ကွမ်းခြံချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ချမ်းမြ ကပြောသည်။

 

ဆက်လက်၍ "သန့်ရှင်းသာယာလှပပြီး အမှိုက်ကင်းစင်ကျောင်း ဖြစ်လာရန်အတွက်အရင်ဆုံးကလေးတွေကိုကျောင်း ဝန်းထဲမှာရှိတဲ့အမှိုက်တွေကို ညှပ်ဖြင့်ကောက်ခိုင်းပါတယ်၊ ကျောင်းဆောင် တွေရဲ့ရှေ့မှာ အမှိုက်အစိုများထည့်ရန် အမှိုက်ပုံးနဲ့ အမှိုက်ခြောက်များထည့်ရန် အမှိုက်ပုံး ဆိုပြီး အမှိုက်ပုံးတွေထားပေး ထားပါတယ်၊ အမှိုက်ပုံးထဲမှ တစ်ဆင့်အိတ်ထဲကိုပြန်ထည့်ပီး အမှိုက်အခြောက်တွေကိုမီးရှို့မယ် ၊အမှိုက်အစိုတွေကို အိပ်ထဲထည့်ပီး အမှိုက်စွန့်ပစ်နေရာမှာသွားပစ်ရပါတယ်၊ကလေးတွေက ခုမှစပြီးလုပ်ရတာမို့ စနစ်ကျရှိစေရန် ဆရာ၊ ဆရာမတွေနဲ့အတူ ကြပ်မက်ပြီးလုပ်ပေးရပါမယ်၊ ခုခေတ် ခလေးတွေက သင်လွယ်၊ တက်လွယ်ရှိကြပေမဲ့ စည်းကမ်း၊ စနစ်သည် လိုက်နာကျင့်သုံး ဆောင်ရွက်ရတယ်ဆိုတာသဘောပေါက်နားလည်အောင် ရှင်းလင်းသင်ပြပြီး၊ မိမိတို့၏ အသိစိတ်ဖြင့် စွန့်ပစ်လိုသောအမှိုက်များကို သတ်မှတ်ထားသောနေရာတွင် စနစ်တကျစွန့်ပစ်ပြီး၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် မိမိတို့ကျောင်းဆောင်အတွင်း၊ အပြင်နှင့်ကျောင်းပတ်ဝန်းကျင်များကို သန့်ရှင်းသာယာလာအောင် ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် အမှိုက်ကင်းစင်ကျောင်းအဖြစ် မြင်တွေ့ရတယ်ဆိုတဲ့ အတွေးခေါ်များအား ကလေးများအားလုံး သိရှိလာစေရန် ရည်ရွယ်ပြီး ပြုပြင်ဆောင်ရွက်ခြင်းဖြင့် အမှိုက်ကင်းစင်ကျောင်း ဖြစ်အောင် ဆောင်ရွက်သွားမှာပါ"ဟု ကွမ်းခြံချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မေဇင်ချစ် က ရှင်းလင်းပြောပြသည်။


ထွန်းထွန်းနိုင် (မော်ကျွန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)