လပွတ္တာမြို့နယ်တွင် ချောင်းများအတွင်းသို့ ရွှံ့ကဏန်းများ စုပေါင်းမျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်တွင် ချောင်းများအတွင်းသို့ ရွှံ့ကဏန်းများ စုပေါင်းမျိုးစိုက်ထည့်



MNP -  စက်တင်ဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် လပွတ္တာမြို့နယ်အတွင်းရှိ ကဏန်းပျော့မွေးမြူရေး လုပ်ငန်းရှင်များ၊ ကဏန်းအဝယ်ဒိုင်များ ပူးပေါင်း၍ လပွတ္တာမြို့နယ်တွင် ရွှံ့ကဏန်းများ ရေရှည်စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ကျွန်းကွင်းချောင်းအတွင်းသို့ ရွှံ့ကဏန်းများ စုပေါင်းမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် အမတ်ကျေးရွာအုပ်စု၊ ကျွန်းကွင်းချောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ရွှံဂဏန်းမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့်အဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးနိုင်ဦး၊ လပွတ္တာခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ လပွတ္တာခရိုင်နှင့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ကဏန်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ကဏန်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အမတ်ကျေးရွာအုပ်စု၊ ကျွန်းကွင်းချောင်းအတွင်းသို့ ရွှံ့ကဏန်းကောင်ရေ (၁၀၀၀၀)ခန့်၊ အလေးချိန်(၃၀၀-Kg) ကိုစုပေါင်း၍ မျိုးစိုက်ထည့်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)