သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေး

 


MNP - စက်တင်ဘာ  ၂၉


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ကျေးရွာ(၁၀)ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဘိုကြီးကုန်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းမြာင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပါအဝင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်ရန်၊  ကျေးရွာနေပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်သွားရန်၊ ကျေးရွာနေပြည်သူများအနေဖြင့် ကောလဟာလသတင်းအမှားများကို မယုံကြည်ကြဘဲ သတင်းအမှန်များကို လေ့လာဖတ်ရှုကြရန်၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုအကျိုးပြု လုပ်ငန်းများတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ပေးကြရန် ချပြရှင်းလင်းခြင်း၊ စာသင်ကျောင်းများ၌ ဆရာ/ ဆရာမများ၊ စာသင်ဆောင်လိုအပ်ချက်များ ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ရှင်းလင်းခြင်း၊ လယ်ယာမြေစီမံခန့်ခွဲရေး ပုံစံ(၇)နှင့်ပတ်သက်၍ ရှင်းလင်းခြင်းများကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)