ရသေ့တောင်မြို့၊ မြို့မ အထက(၂)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၊ မြို့မ အထက(၂)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ




MNP ၊ စက်တင်ဘာ ၃

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့ မြို့မအထက(၂)ကျောင်း၌အသိပညာပေးဟောပြော‌ပွဲကိုယနေ့ နေ့လည် ၁၂ နာရီ၌ကျင်းပ ပြုလုပ်သည်။

ရှေ့ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေး‌ ကောင်စီအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက် က ပလပ်စတိတ်အမှိုက်နှင့်ပတ်သက်၍အန္တရာယ်ဆိုးများအ‌ကြောင်းကိုရှင်းလင်း‌ပြောကြားသည်။လူနှင့်တိရစ္ဆာန်များအပေါ်ပလက်စတိတ်အမှုန်လေးများကြောင့်ကင်ဆာ‌ရောဂါ၊အသက်ရှုမဝခြင်း၊အာရုံ‌ကြောအားနည်းခြင်းစသည့်ဆိုကျိုးများကိုလည်း‌ ကောင်း၊ပလပ်စတိတ်ကိုမီးရှို့ရာမှထွက်လာသည့် ဒိုင်ဆင်းဓါတ်‌ငွေအကြောင်းစသည့်ပလပ်စတိတ်အန္တရာယ်ဆိုးများကို ဗီဒီယိုဆလိုက်ပြသပြီးအသိပညာပေးဟောပြောခဲ့ပါသည်။

ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးမင်းမောင်မှကလေးသူငယ်အခွင့်အရေးဆိုင်ရာများ ၊ မူးယစ်အန္တရာယ်ဆိုင်ရာများ၊ လူကုန်ကူးမှုအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာများ၊ မိုင်းအန္တရာယ်ဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများနှင့် အပြန်အလှန် အသိပညာပေးဆွေးနွေးခဲ့ကြသည်။

အသိပညာဟောပြောပွဲကို‌ ကျောင်းသား၊ကျောင်းသူ ၂၀၀ ကျော်တက်ရောက်ခဲ့‌ ကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

1 comment:

  1. လုပ်သင့်တဲ့အလုပ်ပါ။

    ReplyDelete

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)