MNP - စက်တင်ဘာ ၂၅
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစား သောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် မြေနီကုန်း(တောင်) ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ရောင်းချ ပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါစားသောက်ကုန်များကို ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်(၁)ပြည်လျှင် (၁၇၀၀)ကျပ်၊ ဆီ (၁)ပိသာလျှင် (၄၈၀၀)ကျပ်၊ ကြက်ဥ (၁၀)လုံးလျှင် (၁၇၅၀)ကျပ်ဖြင့် အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။
ထိုသို့ ရောင်းချရာသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ် ယူနိုင်ရေးတို့အတွက် စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးစစ်ကြောင်းမှဦးဆောင်၍ ကြီးကြပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေး စစ်ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများက နေအိမ်ပြင်ပ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပါးစပ်နှင့်နှာ ခေါင်းစည်းများတပ်ဆင်ရေး Mask Campaingn လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
သတင်း - ခင်ငြိမ်းချမ်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment