MNP ၊ စက်တင်ဘာ ၁၈
၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၁ ရက်နေ့တွင် ရောက်ရှိမည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက် ရွှေတိဂုံဘုရား ၌ ယနေ့နံနက် ၇နာရီက မြို့နယ်ရဲတပ်ဖွဲ့ဝင်များကအဆိုပါ ရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသန့်ရှင်းရေးပြုလုပ်နေမှုကိုပေါင်မြို့နယ် ရဲတပ်ဖွဲ့မှယာယီရဲမှူးသံမရောင်း၏ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့အင်အား(၂၄)ဦးတို့က ဘုရားရင်ပြင်တော်နှင့် ဘုရားဝင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်များလှည်းပေးခြင်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ပေးခဲ့ပြီး နံနက် ၉နာရီခွဲ တွင်ပြီးစီးခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်မှုပေးခြင်းအပြင် အလားတူပြည်သူအကျိုးပြု လုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment