သောက်သုံးရေလိုအပ်နေသော ရွှေလှိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သောက်သုံးရေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သောက်သုံးရေလိုအပ်နေသော ရွှေလှိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သောက်သုံးရေလှူဒါန်း



MNP - စက်တင်ဘာ   ၅


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ရွှေလှိုင်းကျေးရွာ အခြေခံပညာမလတန်းကျောင်းသို့ ယနေ့နံနက် ၈နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလို အပ်နေသော ကျေးရွာများ၊ တဲတိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများသို့ သောက်သုံးရေများလှူဒါန်းပေးလျက်ရှိရာ ရွှေလှိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်းသိရပြီး အခြေခံမူလတန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းများမှ သောက်သုံးရေလှူဒါန်းပေးရန်ဆက်သွယ်ထားသည့် စာသင်ကျောင်းများသို့လည်းဆက် လက်လှူဒါန်းပေးသွားမည်ဖြစ်ကာ ရွှေလှိုင်းကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ၅၄ ဦးပညာသင်ကြားနေကြောင်းလည်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)