MNP - စက်တင်ဘာ ၂
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့ခွဲများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ရှမ်းပြည်နယ်အတွင်း ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ (၁၈)နှစ်ပြည့်သူ လျာထား (၃၁၉၃၉၁၅) ဦးတွင် ပထမအကြိမ်ထိုးနှံပြီး ဦးရေ(၂၈၅၁၉၀၃)ဦး ထိုးနှံပြီးဖြစ်၍ (၈၉.၃၀%) ဒုတိယအကြိမ်ထိုးနှံပြီး ဦးရေ (၂၅၈၇၈၄၁)ဦး ထိုးနှံပြီးဖြစ်၍ (၈၁%)၊ (၁၂)နှစ်ပြည့်ပြီး အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ လျာထား (၁၅၇၆၄၉) ဦးတွင် ပထမအကြိမ် (၁၆၆၆၅၅)ဦး ထိုးနှံပြီးဖြစ်သည့်အတွက် လျာထားဦးရေထက် ပိုမိုထိုးနှံပြီးဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ထိုးနှံမှုအနေဖြင့် (၁၅၇၁၆၉)ဦး၊ ထိုးနှံရန်ကျန် (၅၂၈၂)ဦးဖြစ်၍ ထိုးနှံပြီးမှု (၉၉.၆%) ထိုးနှံပြီးဖြစ်ရာ ထိုးနှံရန်ကျန်ရှိသည့် (၅၂၈၂)ဦးအား အမြန်ဆုံးဆေးထိုးနှံပြီးစီးရေး ကြပ်မတ်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ဦးတည်အုပ်စု အလိုက် Booster Dose ထိုးနှံမှုအနေဖြင့် လျာထား (၆၆၆၂၇) ဦးအနက် (၆၆၄၁၀)ဦးထိုးနှံပြီးဖြစ်သဖြင့် (၉၉%)နှင့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူလူထု Booster Dose ထိုးနှံမှုပေါင်း (၃၂၅၇၉၃)ဦးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိသုံးစွဲမှု အနေဖြင့် Covishield (၁၇၆၇၆၄၆) Dose ရရှိမှုအပေါ် ကာကွယ်ဆေးသက်တမ်း မကုန်ဆုံးမီ ဇူလိုင်လ (၃၀)ရက်တွင် ကာကွယ်ဆေး အားလုံးထိုးနှံပြီးဖြစ်ပါကြောင်း၊ Sinopharm ကာကွယ်ဆေးရရှိမှု အနေဖြင့် (၃၈၁၃၆၅၉) Doseရရှိမှုအပေါ်(၃၆၀၁၃၂၉) Doseထိုးနှံပြီးဖြစ်၍ လက်ကျန် (၂၁၂၃၃၀) Dose၊Sinovac ကာကွယ်ဆေးရရှိမှု အနေဖြင့် (၇၆၃၁၀၈) Dose ရရှိမှုအပေါ် (၅၆၄၈၀၈) Dose ထိုးနှံပြီးဖြစ်၍ လက်ကျန် (၁၉၈၃၀၀) Dose၊Covaxin ကာကွယ်ဆေး ရရှိမှုအနေ ဖြင့် (၇၆၉၃၀) Dose ရရှိမှုအပေါ် (၇၆၉၃၀) Dose သုံးစွဲပြီးဖြစ်၍ လက်ကျန်မရှိတော့ပါကြောင်း၊ Astrazeneca ကာကွယ်ဆေးရရှိမှု အနေဖြင့် (၆၀၀၀၀) Dose ရရှိမှုအပေါ် (၆၀၀၀၀) Dose သုံးစွဲပြီးဖြစ်၍ လက်ကျန်မရှိတော့ပါကြောင်း၊ Myancopharm ကာကွယ် ဆေး ရရှိမှုအနေဖြင့် (၁၀၆၃၅၀) Dose ရရှိမှုအပေါ် (၆၁၂၂၁) Dose ထိုးနှံပြီးဖြစ်၍ လက်ကျန် (၄၅၁၂၉) Dose ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး လက်ကျန်များအနက် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် သက်တမ်းကုန်ဆုံးမည့် Sinovac ကာကွယ်ဆေး (၂၂၀၃၈) Dose ကျန်ရှိသည်ကို တွေ့ရှိရသဖြင့် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် သက်တမ်းကုန်ဆုံးတော့မည့် ဆေးများကို ပထမ ဦးစားပေးထိုးနှံဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က ဆွေးနွေးကြပြီး အစည်းအဝေးတက်ရောက် လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် Video Conferencing စနစ်ဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ခွဲ လားရှိုး၊ ကျိုင်းတုံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသမှ ဥက္ကဋ္ဌများ ရှမ်း(တောင်)၊ ရှမ်း(မြောက်)၊ ရှမ်း(ရှေ့) ရှိ ခရိုင်များတို့မှ ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment