MNP - စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အားကစားခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀/-ကျပ်၊ ဆီတစ်ပိဿလျှင် ၅၃၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်း ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ရောင်းချနေမှုများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သုံးခွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်များl ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများက ဒေသခံပြည်သူများအား မည်သူမဆိုလွပ်လပ်စွာဝယ်ယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါရောင်းချပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သတင်း - စည်သူလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment