သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်




MNP - စက်တင်ဘာ   ၁၁


မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်   အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉  နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။


ပြိုင်ပွဲမစတင်မီ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး   ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို  ရှင်းလင်းပြောကြားသည်။ ထို့နောက် သာစည်မြို့အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ မယ်ဇလီကန်အခြေခံပညာ အထက်တန်းကျောင်းနှင့် သာစည်မြို့ အမှတ်(၂) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မီးရထားမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၁ ဦးတို့က အခြေခံပညာအလယ်တန်းအဆင့်တွင် “လူကုန်ကူးမှု ပပျောက်ရေး ပြည်သူအားလုံးကူညီပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့်တွင် “လူကုန်ကူးမှုမှန်သမျှ ဝိုင်းဝန်းပူးပေါင်းတိုက်ဖျက်ကြ”  ခေါင်းစဉ်ဖြင့် လည်းကောင်း ဖြေဆိုယှဉ်ပြိုင်ကြသည်။  ယင်းနောက် ခင်းကျင်းပြသထားသော သုတရသ စာအုပ်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး  အသိပညာပေး နံရံကပ်စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာကြသည်။ ပြိုင်ပွဲများမှ ပထမ၊ ဒုတိယနှင့် တတိယရရှိသော ကျောင်းသား၊ ကျောင်းသူများကို စက်တင်ဘာ ၁၃ ရက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)