MNP ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းကျောင်းသား/သူများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦး ဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ် ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံကြသည့် ကျောင်းသား/သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း ကျန်းမာ ရေး စစ် ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုခဲ့သည်။
အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို စက်တင်ဘာလ(၁၀)ရက်နေ့ကအသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူ(၃၉၇)ဦးတို့အား ဆက်လက်ထိုးနှံပေးပြီးဖြစ်ကာ ထိုးနှံပြီးသူစုစုပေါင်း (၅၉၁၉)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၇၉.၉၇)ရာခိုင်နှုန်းကို ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန် ချက် များနှင့်အညီ ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment