တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျုံလမုချောင်းကူးတံတားအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျုံလမုချောင်းကူးတံတားအား ကြည့်ရှုစစ်ဆေး

 



MNP - စက်တင်ဘာ   ၁၁


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျောင်းကုန်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်ဆက်သွယ်ထားသော ကျုံလမုချောင်းကူးတံတားသို့ ယနေ့နံနက် ၉ နာရီအချိန်ခန့် က ရောက်ရှိပြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ ကျုံလမုချောင်းကူးတံတားသည် ကွန်ကရစ်အောက်ခံ သံဘောင်ယက်မကွန်ကရစ်ကြမ်းခင်း တံတားဖြစ်ပြီး၊ အလျား(၁၂၀)ပေ၊ အကျယ်(၁၄)ပေအား အမျိုးသားသဘာဝဘေးရန်ပုံငွေ (၃၀၈.၂၅)သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျှက်ရှိကြောင်းနှင့် ပြီးစီးမှုရာခိုင်နှုန်းမှာ (၉၀)% ရှိပြီဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)