မြောင်းမြမြို့၊ မြင်းကကွင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့၊ မြင်းကကွင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်

 



MNP - စက်တင်ဘာ   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းသို့  ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီတွင် မြင်းကကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။


ပထမဦးစွာ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အုန်းသိန်း၊ မြောင်းမြခရိုင် ပညာရေးမှူး ဦးစသိန်းကျော်၊ မြို့နယ်ပညာရေးမှူး ဦးအေးလွင်နှင့် ကျေးရွာရပ်မိရပ်ဖ ဦးစိုးနိုင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။


ထို့နောက် မြင်းကကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ မြောင်းမြခရိုင် ပညာရေးမှူးရုံးမှူး ဦးစသိန်းကျော်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နှလုံးသားကို အလှဆင်ပါ သီချင်းဖြင့် ကျောင်းသား/သူလေးများက သီဆိုဖျော်ဖြေခဲ့ကြပြီး ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အလံကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ခဲ့ပြီး ကျေးရွာရပ်မိရပ်ဖ ဦးအောင်ထွားမှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူ၊ ကျေးရွာသူ/သား စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)