MNP ၊ စက်တက်ဘာ ၁၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အပတ်စဉ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ခန့်က အထက (ဘီးလင်း)ကျောင်းဝန်းအတွင်း၌ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူအောင် ၊အဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်း၊ တပ်နယ်မှူး ဗိုလ်မှူးဟန်ဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမင်းတင်နှင့် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် ရပ်ကွက်နေပြည်သူများက ဘိုးရာဇာရပ်ကွက်၊ အထက (ဘီးလင်း) စာသင်ကျောင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်းရှိ အမှိုက်များ၊ မြက်များ၊ ခြုံနွယ်များရှင်းလင်းခြင်း၊ အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်အား (၁၀၀) ကျော်ဖြင့် တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတိုအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျှက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost



No comments:
Post a Comment