လားရှိုးမြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား



MNP - စက်တင်ဘာ   ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရပ်ကွက်(၃) ၊ နယ်မြေ(၁၁)၊ သုခလမ်း၊(တစ်ခါသုံး ပလတ်စတစ်ပစ္စည်းဆိုင်)တွင်  ယမန်နေ့မွန်းလွဲ (၄) နာရီ (၃၀)မိနစ် အချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ လားရှိုးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်းဦးစီး၍  မီးသတ်တပ်ဖွဲ့ဝင် (၃၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၅၀)ဦး၊ တပ်မတော်သားအင်အား (၁၀၀)ဦး၊ ရဲတပ်ဖွဲ့ဝင်(၃၅)ဦး ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၄)နာရီ (၅၅)မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ 


မီးလောင်ကျွမ်းမှု ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် (၄၀×၆၀)ပေ အုပ်ညှပ်(၂)ထပ် ၇၂၀၀၀၀ဝိ/-ခန့်၊ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းအစုံ ၁၂၀၀၀၀ဝိ/-ခန့်၊ တန်ဖိုး ၈၄၀၀၀၀ဝိ/ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူအား လားရှိုးမြို့မရဲစခန်းမှ (ပ)၂၅၀/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း လားရှိုးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)