ကျိုက်ထိုမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံပေး



MNP ၊ စက်တင်ဘာ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာ ကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂ ရက် နံနက်(၁၀)နာရီ တွင် မြို့နယ်ပြည်သူ့ဆေးရုံ ၌ဖွင့်လှစ်ထားသည့်မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင်ထိုးနှံပေးခဲ့သည်။ 

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျိုက်ထိုမြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်ရှိ

မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများဖြစ်သော ဆုံဆို့ ၊ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင် အသားဝါ(ဘီ)ပိုး ၊ ဦးနှောက်အမြှေး ရောင် ၊ (၅)မျိုးစပ်ကာကွယ်ဆေး ၊ ပိုလီယိုအကြောသေ ၊ ဝက်သက် ၊ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကို‌ဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)