တွံတေးမြို့နယ် တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်သမားနှစ်ဦးက မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ် တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်သမားနှစ်ဦးက မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်


MNP ၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးကိုအကြမ်းဖက်သမားနှစ်ဦးကစက်တင်ဘာလ ၁၄ ရက် ည ၈ နာရီအချိန်တွင် မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။


ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်သည် နေအိမ်ရှေ့ထိုင်ခုံတွင် ထိုင်နေစဉ် ပရိုဘောက်စ်ကားတစ်စီးဖြင့် အကြမ်းဖက်လူငယ်နှစ်ဦးရောက်လာပြီး မောင်းပြန်သေနတ်နှစ်လက်ဖြင့် အတွဲလိုက်ပစ်ခတ်ခဲ့ရာ ဦးစိုးအောင်တွင် ကျည်ထိမှန်ဒဏ်ရာ ၅ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ပစ်ခတ်မှုဖြစ်သည့်နေရာမှ ၅.၅၆ ကျည်ခွံ ၃၅ ခွံနှင့် AK47 ကျည်ခွံ ၁၁ ခွံတွေ့ရကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)