MNP ၊ စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးကိုအကြမ်းဖက်သမားနှစ်ဦးကစက်တင်ဘာလ ၁၄ ရက် ည ၈ နာရီအချိန်တွင် မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်သည် နေအိမ်ရှေ့ထိုင်ခုံတွင် ထိုင်နေစဉ် ပရိုဘောက်စ်ကားတစ်စီးဖြင့် အကြမ်းဖက်လူငယ်နှစ်ဦးရောက်လာပြီး မောင်းပြန်သေနတ်နှစ်လက်ဖြင့် အတွဲလိုက်ပစ်ခတ်ခဲ့ရာ ဦးစိုးအောင်တွင် ကျည်ထိမှန်ဒဏ်ရာ ၅ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ပစ်ခတ်မှုဖြစ်သည့်နေရာမှ ၅.၅၆ ကျည်ခွံ ၃၅ ခွံနှင့် AK47 ကျည်ခွံ ၁၁ ခွံတွေ့ရကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment