Pages

Pages

ပေါက်မြို့နယ် ဆင်ဇာကျေးရွာထိပ်တွင် PDF အကြမ်းဖက်သမားများက ပြည်သူ ၅ ဦးကို သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်



MNP ၊ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပေါက်မြိုနယ်၊ ဆင်ဇာကျေးရွာထိပ်၌ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် PDF အကြမ်းဖက်သမားများက ပြည်သူ ၅ ဦးကို သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။


ဆင်ဇာကျေးရွာထိပ်သို PDF အကြမ်းဖက်သမား ၁၅ ဦးခန့်သည် သေနတ်များကိုင်ဆောင်၍ ဆိုင်ကယ် ၈ စီးဖြင့် ရောက်ရှိလာပြီး ပေါက်မြို့မှ ပြန်လာကြသည့် ပင်တောင်ကျေးရွာနေ ဦးမောင်အေး (၅၄)နှစ်၊ သစ်ချိုကုန်း ကျေးရွာနေ ဦးနိုင်ဇော်(၄၇)နှစ် နှင့် မောင်မင်းထက်ဦး (၁၈)နှစ်၊ ဝါတောကျေးရွာနေ ဦးအောင်မြင့် (၅၂)နှစ် နှင့် မောင်ထန်းမောင် (၁၇)နှစ်တိုအား သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးမောင်အေးပါ ၅ ဦးတိုတွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။


ထိုသို့အပြစ်မဲ့ ပြည်သူများအပေါ် ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့သော PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ထားခြင်းမရှိသေးပေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment