အရာတော်မြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အရာတော်မြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ   ၁၀


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရာတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့က စတင်ကာ ပြည်သူများ‌ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် အရာတော်မြို့ ရပ်ကွက်များသို့ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


ထိုသို့ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်သွန်နီ အစိတ်သား၊ အာလူးအစိတ်သား၊ အခြေခံစားသောက်ကုန် စုစုပေါင်းမျိုးအား ငွေကျပ် ၃ ထောင် နှုန်းဖြင့် ၊ ရပ်ကွက်နေပြည်သူ ၁၇၅ ဦးတို့ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။


အရာတော်မြို့နယ် အခြေခံစားသောက်ကုန်များ ရောင်းချရေးကော်မတီအနေဖြင့် မြို့ပေါ်ရှိ ရပ်ကွက်များသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချ‌နိုင်ရေး၊ ပြည်သူများ လက်ဝယ်အရောက်ဝယ်ယူနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)