MNP ၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့ရုံးတွင် ပြည်သူများ အသိပညာဗဟု သုတ တိုးပွားစေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများကိုသိရှိစေရန်အတွက်အလုပ်ခေါ်ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင်ယနေ့ နံနက် (၁၁)နာရီအ ချိန်ကငပလီမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ငပလီမြို့ရုံး၌ ပြသခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင် ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းနုကနံရံကပ်ကြော် ငြာစာနဲ့ပတ်သက်၍ ဘွဲ့ရရှိပြီးလုပ်ငန်း ခွင်သို့ဝင်ရောက်ရန်စောင့်နေသူများနှင့်တက္ကသိုလ်ဝင်အောင်မြင်ပြီးလုပ်ငန်းခွင်ဝင်ရောက်လိုသူများကိုအခွင့်အလမ်းရ ရှိစေရန်ရည်ရွယ်၍ယခုလိုကြော်ငြာဘုတ်များတွင်တစ်လလျှင်(၂)ကြိမ်ကြော်ငြာစာကပ်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါလာရောက်ကြည့်ရှုကြသည့်ပြည်သူများက ငပလီမြို့ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများ၏ အသိ ပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်ပေးထားမှုများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment