မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ ဆုရရှိသူများအား ဆုချီးမြင့်ပွဲနှင့် ရရှိခဲ့သည့် တံခွန်စိုက်ဒိုင်းဆုအား လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ ဆုရရှိသူများအား ဆုချီးမြင့်ပွဲနှင့် ရရှိခဲ့သည့် တံခွန်စိုက်ဒိုင်းဆုအား လွှဲပြောင်းပေးအပ်



MNP - စက်တင်ဘာ  ၂၄


မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၅)မြို့ နယ်အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခိုင်ပြစ်ပြိုင်ပွဲ၌ ဆုရရှိသည့် အားကစားသမားများအား ဆုချီးမြင့်ပွဲနှင့်ရရှိခဲ့သည့် တံခွန်စိုက်ဒိုင်းဆုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပထမဆုရရှိသည့် သရက်ခရိုင် အားကစားသမားများအား ဂုဏ်ပြုအမှာစကားပြောကြားပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများက ပြိုင်ပွဲတွင်မိမိတို့ယှဉ်ပြိုင်၍ ဆုရရှိခဲ့သည့်များကို ပြောကြားကာ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။


ထို့နောက် အသင်းအုပ်ချုပ်သူနည်းပြက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ ဆုရရှိခဲ့မှုအခြေအနေနှင့် ပတ်သက်၍ ရှင်း‌ပြောကြားပေးခဲ့ပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အသင်းနည်းပြများက ရရှိခဲ့သည့် တံခွန်စိုက်ဒိုင်းဆုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံပေးခဲ့သည်။ ဆက်လက်၍ အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ ဆုရရှိခဲ့သည့် အားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဂုဏ်ပြုဆုငွေ(၄) သိန်း ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။  


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)