MNP ၊ စက်တင်ဘာ ၁၆
(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center ၌ ယနေ့တွင် Hybrid စနစ်ဖြင့် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက ဗီဒီယိုအမှာစကား ပေးပို့ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျန့်၊ ကွမ့်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူး၊ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များနှင့် အာဆီယံ-တရုတ် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ အစိုးရအကြီးအကဲများ၊ ဒုတိယ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ကလည်း ဗီဒီယိုအမှာစကားများ ပေးပို့ပြောကြား ခဲ့သည်။
ယခုပြုလုပ်သည့် (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် မြန်မာအမျိုးသား ပြခန်းဆောင်နှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများ ပြခန်းဧရိယာတွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်းများ ပါဝင်ပြသလျက်ရှိသည့်အပြင် မြန်မာ့ပို့ကုန် ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ကုန်စည်ပြခန်းဆောင်တွင် ကျောက်မျက်ရတနာများ၊ သစ်သားပရိဘောဂများ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများစသည့် ကုန်စည်ပြခန်းများကို ပြခန်း (၃၀) ပါဝင်ပြသလျက် ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment