MNP ၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်က အဆိုပါရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို အကြမ်းဖက်အဖွဲဝင် အမျိုးသမီးတစ်ဦးက နေအိမ်ခြံဝင်းအတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
ဒေါ်နွယ်နွယ်ဦး (၅၄)နှစ် သည် နေအိမ်ရှေ့ရှိ ရေချိုးကန်၌ ရေချိုးနေစဉ် PDF အကြမ်းဖက်အဖွဲ့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့သည် နေအိမ်ခြံဝင်းအတွင်းသို့ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်အမျိုးသမီးမှ ဒေါ်နွယ်နွယ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် လည်ပင်း ယာဘက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ယာနှုတ်ခမ်း စုတ်ပြဲဒဏ်ရာတစ်ချက်တို့ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment