ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသက်ရှူအထောက်အကူပြု စက်ပစ္စည်းများ လာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသက်ရှူအထောက်အကူပြု စက်ပစ္စည်းများ လာရောက်လှူဒါန်း

 



MNP - စက်တင်ဘာ   ၉


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ဆေးရုံသုံးအသက်ရှူအထောက်အကူပြု စက်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။


ရှေးဦးစွာ အလှူရှင်ဒေါ်မြတ်သီတာက တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကုဆေးရုံကြီးတွင် အသုံးပြုရန်အတွက် အသက်ရှူ အထောက်အကူပြုစက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator) လာရောက်လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူရှင်မိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးခဲ့ကာ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။


အဆိုပါ အသက်ရှူအထောက်အကူပြု စက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator)အား တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကုဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)