စဉ့်ကူးမြို့၌ ဝါတွင်းကာလ ဥပုသ်နေ့တွင် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့၌ ဝါတွင်းကာလ ဥပုသ်နေ့တွင် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း








MNP ၊ စက်တင်ဘာ   ၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဝါတွင်းကာလအတွင်း သံဃာတော်များနှင့် သီလရှင်များအား ပဉ္စမအကြိမ် ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက ပြုလုပ်ခဲ့သည်။


ဆွမ်းလောင်းလှူပွဲတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၁၆)တိုက်တွင် ဝါတွင်း သီတင်းသုံးတော်မူသည့် သံဃာတော် (၇၀)ပါးနှင့် သီလရှင် (၁၇)ပါးတို့အား ဧရာအောင်မြေလမ်းမကြီး တလျှောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

အဆိုပါ ဆွမ်းလောင်းလှူပွဲသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ စုစုပေါင်းအင်အား (၇၃)ဦး ပါဝင်လှူဒါန်းခဲ့ကြပြီး ထိုသို့ ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူခြင်းကို ဝါတွင်းကာလအတွင်း ဥပုသ်နေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)