မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များကို ဝတ်စုံများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များကို ဝတ်စုံများထောက်ပံ့ပေးအပ်

 


MNP - စက်တင်ဘာ  ၁၇


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များကို ဝတ်စုံများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၃ နာရီချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ဝေငြိမ်းက ဝတ်စုံများထောက်ပံ့ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားပြီး ဝန်ထမ်းမိသားစုဝင်(၃၆)ဦးကို ဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တစ်ဦးလျှင် တစ်သောင်းကျပ်စီထောက်ပံ့ပေးအပ်ခဲ့၍ ဗလာမပါကံစမ်းမဲဖောက်ကာ လက်ဆောင်ပစွည်းများပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)