ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံကျင်းပရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံကျင်းပရေး ဆွေးနွေး


MNP ၊ စက်တင်ဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ တတိယအကြိမ် ပါတီညီလာခံကျင်းပရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် ပါတီအဆင့်ဆင့်ကော်မတီ ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ ဆန်းစစ်သုံးသပ်ရေးကော်မတီက ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများက အကြံပြုဖြည့်စွက်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တတိယအကြိမ် ပါတီညီလာခံကျင်းပရေး စီမံချက်ကို ရှင်းလင်းအတည်ပြုချက် ရယူခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေတင်ပြခြင်း၊ ပါတီဌာနချုပ် ဌာနကြီးများနှင့် ရေးရာကော်မတီများက တင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌများ၊ ပါတီအထွေထွေအတွင်းရေးမှူး၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)