Pages

Pages

ပေါက်တောမြို့၌စာဖတ် ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်


MNP ၊ စက်တင်ဘာ ၁၅

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံသို့ ယနေ့ ညနေပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အသိပညာပေး ရုပ်ပြကာတွန်း စာအုပ်၊ ပုံပြင်၊ တေဇရုပ်စုံ စာအုပ်များဖတ်ရှုစေခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက အသိပညာပေး စာအုပ်များကို စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြကြောင်းနှင့် ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment