Pages

Pages

အထက (ဘီးလင်း)ကျောင်းရှေ့ တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ရေး (Mask) များအခမဲ့ဖြန့်ဝေ




MNP ၊  စက်တင်ဘာ ၁၅    

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အထက (ဘီးလင်း)ကျောင်းရှေ့ တွင် Mask များအခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြသည်။    ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ဆရာဝန် နှင့် ကျန်းမာရေးဝန် ထမ်းများ ၊အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများ  က  ကျောင်းသား၊ကျောင်းသူများ အိုမီခရွန်အပါ အဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင် သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံသွားရေး အသိပညာပေးပြောကြားပြီး  Mask ခုရေ ၅၀၀ အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ 


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment