ဒေါပုံမြို့နယ်တွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါပုံမြို့နယ်တွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပဆောင်ရွက်



MNP - စက်တင်ဘာ   ၁၅


ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက်ဖွဲ့စည်းထားရှိသည့် မြို့နယ်များတွင် ဗိုလ်တထောင်ခရိုင်အတွင်းပါဝင်သည့် မြို့နယ်(၅)မြို့နယ်တွင် ဒေါပုံမြို့နယ်လည်း အပါအဝင်ဖြစ်ကြောင်း၊ ခရိုင်များထပ်မံခွဲဝေချထားခဲ့သည့်အတွက် မြို့နယ်များနှင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဒေါပုံမြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့  အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ အဖွဲ့ဝင်(၂)နှင့် အဖွဲ့ဝင်(၃)တို့က လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသီးသီးမှာကြားခဲ့ကြသည်။


ထို့နောက် မြို့နယ်စီမံအုက်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များက မြို့နယ်နှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အခက်အခဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြ ရာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သတင်း - ချစ်စုဝေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)