ပင်လောင်းမြို့နယ်တွင် ဒေသထွက်လက်ဖက်ကို အခြေခံပြီး စာသောက်ကုန်နှင့် လူသုံး ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ဒေသထွက်လက်ဖက်ကို အခြေခံပြီး စာသောက်ကုန်နှင့် လူသုံး ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

 


MNP - စက်တင်ဘာ  ၂၉


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်လက်ဖက်အား အခြေခံပြီး စားသောက်ကုန်နှင့်လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်လောင်း ကြီးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင်    ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


သင်တန်းဆင်းပွဲတွင်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းတို့က အမှာစကားပြောကြသည်။


ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဆင်းလက်မှတ် ကိုလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှမြင့်က သင်တန်းတွင် လက်တွေ့ပြုလုပ်ထားသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို လည်းကောင်း ပေးအပ်ခဲ့ကြပြီး  သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း၊ ယင်းနောက် တန်းဆင်းပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက် ခဲ့ကြသည်။


အဆိုပါ သင်တန်းတွင် ဒေသထွက်ကုန်လက်ဖက်ဖြင့် လက်ဖက်နှပ်(အစိမ့်)၊ လက်ဖက်နှပ် (ချဉ်စပ်)၊ ရှူးရှဲလက်ဖက်နှပ်၊ လက်ဖက်ဝိုင်၊ လက်ဖက်ဆပ်ပြာ၊ လက်ဖက်ခေါင်းလျှော်ရည်၊ လက်ဖက်မျက်နှာသစ်ဆပ်ပြာ ထုတ်လုပ်မှုနည်းပညာများကို သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ (၂၅)ဦးတက်ရောက်ကြပြီး သင်တန်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှ စက်တင်ဘာ လ ၂၈ ရက်နေ့ထိ (၇)ရက်ကြာ သင်ကြားပို့ချပေးခဲ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)