ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဖလား မြို့နယ်အလိုက် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဖလား မြို့နယ်အလိုက် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၁၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ မြို့နယ်အလိုက် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီက ကျိုင်းတုံခရိုင် အားကစားကွင်း၌ ကျင်းပသည်။


ဗိုလ်လုပွဲတွင် ကျိုင်းတုံမြို့နယ်အသင်းနှင့် တာချီလိတ်မြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တာချီလိတ်မြို့နယ်အသင်းက ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)  ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ ဒိုင်လူကြီးများ၊  ကြက်ခြေတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ပြိုင်ပွဲများတွင် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံး ဂိုးသမားဆုနှင့် အကောင်းဆုံး အားကစားသမားဆုများကိုလည်းကောင်း၊ ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသည့် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပထမဆုရရှိသည့် တာချီလိတ်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။


ပြိုင်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းခတ်၊ မိုင်းယန်း၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုးတုံမြို့နယ်အလိုက် အသင်း စုစုပေါင်း(၈)သင်း ပါဝင်ယှဉ်ပြိုင် ကစားကြပြီး ပြိုင်ပွဲများကို စက်တင်ဘာ    ၅     ရက်     မှ   ၁၄ ရက်အထိ ကျင်းပခဲ့ကာ ပထမနှင့် ဒုတိယ ဆုရရှိသည့် အသင်းများသည် စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပမည့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်း ထံမှ သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)