(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောက်ဖြူခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောက်ဖြူခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆို

 




MNP ၊ စက်တင်ဘာ  ၁၇

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောက်ဖြူခရိုင်ကိုယ်စားပြုပြိုင်ပွဲဝင်များ စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့ ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် ယနေ့ နေ့လယ်ပိုင်းက ကျောက်ဖြူမြို့၊ ငလပွေ့ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။


အဆိုပါ ပြိုင်ပွဲသို့ လိုက်ပါခဲ့ကြသည့် ပြိုင်ပွဲကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များက ဂုဏ်ပြု ပန်းစည်းဖြင့် ကြိုဆိုခဲ့ရာ ပြိုင်ပွဲကြီးကပ်ရေးလုပ်ငန်းကော်မတီအဖွဲ့များနှင့် ခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များက လက်ခံရယူခဲ့သည်။ ၎င်းပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့ထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဉတ္တမခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ရာ  ကျောက်ဖြူခရိုင်ကိုယ်စားပြု အဆိုပြိုင်ပွဲဝင်(၁၇)ဦး၊ အကပြိုင်ပွဲဝင် (၁၈)ဦးနှင့် အတီးပြိုင်ပွဲဝင်(၂)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲ၌ ကျောက်ဖြူခရိုင်ကိုယ်စားပြုအနေဖြင့် ရွှေ ( ၄ )ခု၊ ငွေ ( ၁၁ )ခုနှင့် ကြေး( ၈ )ခု စုစုပေါင်း ဆု (၂၃)ဆု ရရှိခဲ့ကြောင်း ကျောက်ဖြူပြိုင်ပွဲကြီးကပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ထံမှသိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)