ရန်ကုန်တိုင်းဒေသကြီး (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲ အခမ်းနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲ အခမ်းနားကျင်းပ

 


MNP - စက်တင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပ သည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးမှ ပေါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်များ၊  မျိုးဆက်သစ်ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ဆိုင်အဖွဲ့လိုက်(အမျိုးသမီး) မသဲဆုလှိုင်နှင့် အဖွဲ့၊ ဒိုးပတ်အဖွဲ့လိုက် (အမျိုးသား) မောင်စစ်ဇေယျာထွန်းနှင့် အဖွဲ့တို့ဖျော်ဖြေတင်ဆက်မှုနှင့်၊ ငြိမ့်ညောင်းသံသာ တေးအလင်္ကာသံစုံတီးဝိုင်းအဖွဲ့၏ သရုပ်ပြဖျော်ဖြေတင်ဆက်မှုတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဧည့်သည်ပရိတ်သတ်များက ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။


ထို့နောက် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်) ဘာသာရပ်အလိုက် ဂုဏ်ပြုလက်မှတ်ရရှိသူများအား ရန်ကုန်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယ ပါမောက္ခ ချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ကြသည်။


နံနက်ပိုင်းတွင်  ဦးစွာပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်အဖွဲ့သည် အတီးပြိုင်ပွဲ သတ်မှတ်နေရာ ဖြစ်သည့် သရဖီဆောင်အနုပညာခန်းမနှင့် သဇင်ဆောင်တို့တွင့် နေရာယူကြပြီး ပြိုင်ပွဲ ဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုကာ အကဲဖြတ်အမှတ်များပေးကြသည်။


ထို့နောက် ပြိုင်ပွဲဝင်မျိုးဆက်သစ်လူငယ်များက အဆင့်မြင့်ပညာအဆင့် အတီးဘာသာ ရပ်တွင် ပါဝင်သည့် ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်၊ နှဲ၊ အိုးစည်၊ ဒိုးပတ်၊ အဆင့်မြင့် ပညာအဆင့် အဆိုဘာသာရပ်တွင် ပါဝင်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ဖြင့် ယှဉ်ပြိုင်ကြ ကြောင်း သိရှိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)