ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးဆွေးနွေး





MNP ၊ စက်တင်ဘာ ၁၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် စာရင်းစစ်ဆေးမှုခံယူနိုင်ရေး လိုက်နာရမည့်ညွှန်ကြားချက်များ၊ နည်းလမ်းများနှင့် အသုံးစရိတ်များ မှန်ကန်စွာ သုံးစွဲနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


အသိပညာပေး ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အရအသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း လုပ်ငန်းစဉ်သည် အချက်အလက်များကို ပြင်ဆင်ပေးရသည့် ဝန်ထမ်းများမှ အစိုးရ၏ဝန်ဆောင်မှုများမှတစ်ဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုကို ရရှိခံစားကြရမည့် သာမန်ပြည်သူများအထိ အရေးပါသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ တစ်နှစ်ချင်းအရအသုံး ခန့်မှန်းခြေငွေ စာရင်း ရေးဆွဲရသည့် လုပ်ငန်းစဉ်ကို ရှုပ်ထွေးသည့်လုပ်ငန်းတစ်ရပ်အဖြစ် ရှုမြင်ကြလေ့ရှိသော်လည်း ဘတ်ဂျက်ရေးဆွဲသည့် လုပ်ငန်းစဉ်ကို သိရှိနားလည်ထားပါက ဘတ်ဂျက်ကနေ ရရှိလာမည့် အကျိုးကျေးဇူးများအပေါ် ဝင်ရောက်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ယခုအသိပညာပေး ဆွေးနွေးပွဲသည် မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းနယ်ပယ်အသီးသီးကို အောင်အောင်မြင်မြင် အကျိုးရှိရှိ ဆောင်ရွက်နိုင်စေရန်၊ ပြည်သူ့ဘဏ္ဍာကို အကောင်းဆုံး အသုံးချနိုင်စေရန်၊ ရေရှည်မျှော်မှန်းချက်များ အောင်မြင်စေရန်၊ အသုံးစရိတ်များကို မှန်ကန်စွာသုံးစွဲနိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်၍ ဆွေးနွေးပွဲမှ ရရှိလာသည့် အသိပညာများဖြင့် နောင်ကာလများတွင် ပြည်သူ့ဘဏ္ဍာကို အကောင်းဆုံးအသုံးချနိုင်ရန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ရသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်းအကြောင်း သိကောင်းစရာများကို ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးကလည်းကောင်း၊ စီမံကိန်းရေးဆွဲခြင်း အကြောင်း သိကောင်းစရာများကို ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ လစဉ်ပေးပို့ရသည့် စာရင်းများအား ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက လည်းကောင်း၊ စာရင်းစစ် ကန့်ကွက်ချက်လျော့ကျရေးနှင့် အသုံးစရိတ်များ စနစ်တကျသုံးစွဲနိုင်ရေး လိုက်နာဆောင်ရွက်သင့်သည့် အချက်များအား ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးကလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဘဏ္ဍာရေးငွေစာရင်းကိုင် ဝန်ထမ်းများက သိရှိလိုသည်များနှင့် မရှင်းလင်းသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)