အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ပြန်လည်လွတ်မြောက်တော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ပြန်လည်လွတ်မြောက်တော့မည်



MNP ၊ စက်တင်ဘာ ၁

ယခင်အစိုးရလက်ထက်က နိုင်ငံတော်ကို ပေးသွင်းရန် ရွှေကြွေးကျန်သည်ဟူသော စွဲချက်ဖြင့် အကျဉ်းကျခံခဲ့ရသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ပြန်လည်လွတ်မြောက်တော့မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ကျရောက်သော ဦးစိုးထွန်းရှိန် ၏ မွေးနေ့အလှူအဖြစ် ဆရာတော်သံဃာတော်များအား ဆန်နှင့် ဆီ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ဦးစိုးထွန်းရှိန်သည် ဦးသိန်းစိန်အစိုးရလက်ထက်မှ စ၍ ရမည်းသင်းရွှေလုပ်ကွက်များတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးအား အဓိက လှူဒါန်းထောက်ပံ့သူအဖြစ် လူသိများလာခဲ့သည်။ NLD အစိုးရလက်ထက်တွင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးအား ပျက်စီးအောင် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့ပြီး အဓိက လှူဒါန်းထောက်ပံ့သူ ဦးစိုးထွန်းရှိန် ကိုလည်း ရွှေကြွေးကျန်အမှုဖြင့် ထောင်သွင်း အကျဉ်းချခဲ့ခြင်း ဖြစ်သည်။

ဦးစိုးထွန်းရှိန် သည် ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းချခံနေရခြင်းဖြစ်ပြီး သူနှင့် နီးစပ်သူများ၏ ရေးသားဖော်ပြချက်များအရ မကြာမီ လွတ်မြောက်တော့မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)