၂၀၂၂ ခုနှစ် အောင်ချက်အကောင်းဆုံးဆုရကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် အောင်ချက်အကောင်းဆုံးဆုရကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲကျင်းပ



MNP - စက်တင်ဘာ  ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထက(၁)၊ သီရိရတနာ ခန်းမ၌ ၂၀၂၂ ခုနှစ် အောင်ချက်အကောင်းဆုံးဆုရကျောင်းများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ၊ ကျောက်မဲခရိုင်၊ ခရိုင် ပညာရေးမှူး ဦးကျော်ရွှေတို့က အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင်ချက်အကောင်းဆုံးဆုရခဲ့သည့် အထက မိုင်းငေါ့၊   ဂုဏ်ရည်ထူးအောင် ကိုယ်ပိုင် ကျောင်း၊ အောင် ကိုယ်ပိုင်ကျောင်း၊အထက နောင်ပိန် ၊ အထက ၃ တို့မှ ကျောင်းအုပ်ကြီးများ၊ တက္ကသိုလ်ဝင်တန်းအောင် စာမေးပွဲတွင်အောင်မြင်ခဲ့ကြသော ၅ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် နှစ် ဦး၊  ၃ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ၂  ဘာသာ ဂုဏ်ထူးရှင် ၈ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၅၇ ဦးနှင့် ခရိုင်အဆင့် ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူများတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)