MNP ၊ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ်များနှင့်အညီပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်(စနေနေ့)တိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်(၇)နာရီက ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်းပြီး၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ကျောင်းပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပရေးနှင့်သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်း ခြံဝင်းအတွင်း၌ ခြင်များပေါက်ပွားနိုင်သည့် နေရာတို့အား သန့်ရှင်းဆောင်ရွက်ပေးခြင်း၊ ချုံနွယ်၊ မြက်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ပလပ်စတစ်နှင့်စွန့်ပစ်အမှိုက်တို့ကို တက်ညီလက်ညီဖြင့် ကောက်ယူ သိမ်းဆည်းကြပြီး၊ မြို့နယ်စည်ပင်သာယာရေးပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment