အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ်သို့ မြန်မာကိုယ်စားလှယ် အွန်လိုင်းဖြင့် ပါဝင်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ်သို့ မြန်မာကိုယ်စားလှယ် အွန်လိုင်းဖြင့် ပါဝင်တက်ရောက်


 

MNP ၊ စက်တင်ဘာ ၁၆

၂၀၂၂ ခုနှစ် အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ် (2022 ASEAN Media Partners Forum) ကို ယမန်နေ့က တရုတ်နိုင်ငံ နန်နင်းမြို့ Wuxiang Resort ၌ ကျင်းပသည်။


အဆိုပါဖိုရမ်ကို “အသိအမြင် တိုးပွားရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းလုံးညီညွတ်ရေး” (Intelligence, Collaboration, Cohesion) ဆောင်ပုဒ်ဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများရှိ မီဒီယာများ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မှုကို နက်ရှိုင်းစေရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ပံ့ပိုးကူညီမှုများကို တိုးမြှင့်ရန်နှင့် ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တရုတ်နိုင်ငံ CPC သတင်းပြန်ကြားရေးကော်မတီနှင့် CMG Guangxi ဌာနချုပ်တို့ ပူးပေါင်းစီစဉ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူအစိုးရနှင့် တရုတ်မီဒီယာအဖွဲ့ CMG မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။


ယင်းဖိုရမ်သို့ တရုတ်နိုင်ငံမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မီဒီယာဆိုင်ရာ အကြီးအကဲများ၊ အာဆီယံ-တရုတ် စင်တာအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်(လျာထား)၊ အာရှ-ပစိဖိတ် ရုပ်သံထုတ်လွှင့်ရေးအဖွဲ့ (ABU)၊ အထွေထွေအတွင်းရေးမှူးချုပ်တို့အပြင် မီဒီယာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ (SCI- Myanmar) ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အွန်လိုင်းဖြင့် ပါဝင်တက်ရောက်သည်။


ဖိုရမ်တွင် CMG နှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍသစ်စတင်ခြင်း၊ ပြည်ပနှင့် အွန်လိုင်းဆက်သွယ်ရေး မြှင့်တင်ခြင်းအစီအစဉ်၊ CMG နှင့် ကွမ်ရှီကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အစီအစဉ်တို့ကို ထည့်သွင်းကျင်းပသည်။


မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများတွင် တရုတ်နိုင်ငံနှင့် ညှိနှိုင်းမှုတာဝန်ခံ ဆောင်ရွက်နေသည့် (Country Coordinator) အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်သည့် “၂၀၂၂ ခုနှစ်အာဆီယံမီဒီယာ မိတ်ဖက်များဖိုရမ်”သို့ ပါဝင်တက်ရောက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)